အြန္လိုင္းကေန လိုက္ဖ္လႊင့္ ေရာင္းတဲ့ စိန္တိုက္တစ္ခု အလိမ္ခံရပုံေလး (သတိထားနိုင္ဖို႔ပါ)

စိန္တိုက္တစ္ခု အြန္လိုင္းက ေရာင္းရင္း အလိမ္ခံရပုံေလး သတိထားနိုင္ဖို႔ေျပာျပအုံးမယ္။မီဒီယာကလည္း အဲ့သတင္းေရးတာ လည္ထြက္ေနတာ။ကိုယ္ေတာင္ ဖုန္းဆက္ေမးမွ သေဘာေပါက္တယ္။ျဖစ္ပုံက စိန္တိုက္တစ္ခုက အြန္လိုင္းက စိန္ထည္ေတြေရာင္းေတာ့

အေကာင့္တစ္ခုကေန စိန္နားကပ္ ၃၃ သိန္းတန္ဝယ္တယ္။ေငြလည္း Mobile Banking နဲ႕ အေကာင့္ထဲလွမ္းထည့္ေပးလိုက္တယ္။သူတို႔ ေကာ့မန႔္မွာ အျပန္ အလွန္ေျပာတာကိုၾကည့္ထားတဲ့ေဘးလူက စိန္တိုက္ကို Viber က ဆက္သြယ္လာပီး အဲ့နားကပ္က

သူ႕အေမအတြက္ ဝယ္ေပးတာ အေမက မႀကိဳက္ဘူး သူ႕ဘာသာပဲ ဝယ္မယ္ဆိုလို႔ မယူျဖစ္ေတာ့ဘူးေပါ့..ဒါဆို စိန္ဆိုင္ကလည္း မယူလည္းရတယ္ ဒါေပမယ့္ ဘယ္ႏွစ္ရာခိုင္ႏႈန္းေတာ့ ရႈံးမွာဆိုၿပီးေျပာတယ္ ဟိုကလည္း ရတယ္ အရႈံးခံလိုက္မယ္ အဲ့ေငြေလးကို

စိန္နားကပ္ ဘယ္ေတာ့ပို႔မွာလည္းဆိုၿပီး ဖုန္းဆက္ေတာ့မွ ျပႆနာတက္ေတာ့တာပဲ။အဲ့ၾကမွ ဖုန္းနံပါတ္နဲ႕လိုက္၊ ဘဏ္အေကာင့္နဲ႕လိုက္ေတာ့မွ ျပန္မိတယ္။ေတာ္ေသး တာေပါ့..လိမ္တဲ့ေကာင္မေလးက မလည္လို႔။ သူသာ ဖုန္းနံပါတ္ကလည္း အမွန္မဟုတ္၊ Wave လို

ေငြလြဲတာမ်ိဳးနဲ႕ ျပန္လႊဲခိုင္းလိုက္ရင္ ဆုံးၿပီေပါ့ဗ်ာ.. အြန္လိုင္းကေဈးေရာင္းသူေတြ သတိထားနိုင္ဖို႔ပါ။လိမ္တဲ့သူေတြကေတာ့နည္းလမ္းေပါင္းစုံနဲ႕ လိမ္ဖို႔ေခ်ာင္းေနၾကတာပါ။သတိမလြတ္ဖို႔လိုပါတယ္။ဒီေနရာမွာ ဖုန္းနံပါတ္အမည္ေပါက္ျဖစ္ဖို႔နဲ႕ ဘဏ္အေကာင့္ စနစ္အသုံးျပဳမႈ အက်ိဳးေက်းဇူးေတြ႕ရမွာပါ။ – ေက်ာ္ႀကီး(MDY)

ဒါကေတာ့ ျဖစ္စဥ္အျပည့္အစုံပါ..

အြန္လိုင္းက လိုက္ဖ္လႊင့္ ပစၥည္းေရာင္းသူမ်ား သတိထားသင့္တဲ့ သိန္း ၃၀ ေက်ာ္ လိမ္လည္မႈျဖစ္စဥ္ကို ကမာ႐ြတ္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕ကေန ေဖာ္ထုတ္ ဖမ္းဆီးနိုင္ခဲ့ပါတယ္။ကမာ႐ြတ္ၿမိဳ႕နယ္၊ တကၠသိုလ္ရိပ္သာလမ္း အမွတ္ (၁၀၂)၌ ရတနာပစၥည္းမ်ားကို

အြန္လိုင္းမွ ေရာင္းခ်ေနစဥ္ Htoo Htoo Htet Aung ေဖ့စ္ဘြတ္ အေကာင့္ပိုင္ရွင္က ေငြက်ပ္ (၃၃) သိန္းတန္ စိန္နားကပ္တစ္ရန္အား ဒီဇင္ဘာ (၂၅) ရက္က မိုဘိုင္း အေကာင့္မွ ေငြလႊဲ၍ မွာယူခဲ့ပါတယ္။ထို႔ေနာက္ ဒီဇင္ ဘာ ၂၆ ရက္တြင္ ဖုန္းနံပါတ္ ၀၉-၉၆၀၉၄၁၈၃၇

ကိုင္ေဆာင္သူက ဗိုင္ပါ ျဖင့္ ဆက္သြယ္လာၿပီး Htoo Htoo Htet Aung အေကာင့္ျဖင့္ မွာယူထားေသာ စိန္နားကပ္အား မဝယ္ျဖစ္ေတာ့ေၾကာင္းႏွင့္ ေငြက်ပ္ ၃၃ သိန္းကို ၎၏အေမဖြင့္ထားသည့္ Daw Thin Thin Htay အမည္ရွိ မိုဘိုင္းအေကာင့္ နံပါတ္သို႔ ျပန္လည္

လႊဲေပးရန္ ေျပာဆိုသျဖင့္ ကုမၸဏီသို႔ မွာယူၿပီးပစၥည္း မယူေတာ့သည့္အတြက္ ေငြက်ပ္ ၂၃၀၀၀၀ ကို ႏုတ္ယူၿပီး က်န္ေငြ က်ပ္ ၃၀၇၀၀၀၀ ကို လႊဲေပးခဲ့ပါတယ္။ဒီဇင္ဘာ ၂၇ ရက္တြင္ Htoo Htoo Htet Aung အေကာင့္ပိုင္ရွင္က ၎မွာယူထားေသာ စိန္နားကပ္ရ၊မရ

ဖုန္းျဖင့္ ဆက္သြယ္လာသျဖင့္ ဖုန္းနံပါတ္ ၀၉-၉၆၀၉၄၁၈၃၇ ကိုင္ေဆာင္သူက ေငြေၾကးလိမ္ လည္ ရယူသြားေၾကာင္း သိရွိရ၍ အေရးယူေပးရန္ တိုင္ၾကားခဲ့ပါတယ္။ရန္ကုန္တိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မႉး႐ုံး၊ မႈခင္းအကူဌာနစုမွ တပ္ဖြဲ႕ဝင္မ်ား၊

အေနာက္ပိုင္းခရိုင္ မႈခင္းႏွိမ္နင္းေရးဌာနစုမွ တပ္ဖြဲ႕ဝင္မ်ား၊ ကမာ႐ြတ္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ားက ျပစ္မႈက်ဴးလြန္သူကို ေဖာ္ထုတ္ဖမ္းဆီး ရမိေရး ေဆာင္႐ြက္ခဲ့ရာ ဖုန္းနံပါတ္ ၀၉-၉၆၀၉၄၁၈၃၇ ကိုင္ေဆာင္သူမွာ ဒဂုံၿမိဳ႕သစ္ (အေရွ႕ပိုင္း)ၿမိဳ႕နယ္၊

(၆)ရပ္ကြက္ ၊ ႀကိဳးၾကာ(၂)လမ္း၊ အမွတ္ (၁၂၆၁)ေန ျဖဴသက္သက္ခိုင္ (ခ) Phyu Khaing ျဖစ္ေၾကာင္း သိရသည္။၎ကို ဒီဇင္ဘာ ၃၀ ရက္တြင္ ဖမ္းဆီးခဲ့ၿပီး အဆိုပါအမႈကို က်ဴးလြန္ ခဲ့ေၾကာင္း ဝန္ခံထြက္ဆိုခဲ့ကာ သက္ေသခံပစၥည္း ေငြက်ပ္ ၃၀၇၀၀၀၀ ကို ျပန္လည္ သိမ္းဆည္း၍ဆက္လက္ စစ္ေဆးလ်က္ရွိပါတယ္။

ယူနီကုဒ်ဖြင့် ဖတ်ရန်

စိန်တိုက်တစ်ခု အွန်လိုင်းက ရောင်းရင်း အလိမ်ခံရပုံလေး သတိထားနိုင်ဖို့ပြောပြအုံးမယ်။မီဒီယာကလည်း အဲ့သတင်းရေးတာ လည်ထွက်နေတာ။ကိုယ်တောင် ဖုန်းဆက်မေးမှ သဘောပေါက်တယ်။ဖြစ်ပုံက စိန်တိုက်တစ်ခုက အွန်လိုင်းက စိန်ထည်တွေရောင်းတော့

အကောင့်တစ်ခုကနေ စိန်နားကပ် ၃၃ သိန်းတန်ဝယ်တယ်။ငွေလည်း Mobile Banking နဲ့ အကောင့်ထဲလှမ်းထည့်ပေးလိုက်တယ်။သူတို့ ကော့မန့်မှာ အပြန် အလှန်ပြောတာကိုကြည့်ထားတဲ့ဘေးလူက စိန်တိုက်ကို Viber က ဆက်သွယ်လာပီး အဲ့နားကပ်က

သူ့အမေအတွက် ဝယ်ပေးတာ အမေက မကြိုက်ဘူး သူ့ဘာသာပဲ ဝယ်မယ်ဆိုလို့ မယူဖြစ်တော့ဘူးပေါ့..ဒါဆို စိန်ဆိုင်ကလည်း မယူလည်းရတယ် ဒါပေမယ့် ဘယ်နှစ်ရာခိုင်နှုန်းတော့ ရှုံးမှာဆိုပြီးပြောတယ် ဟိုကလည်း ရတယ် အရှုံးခံလိုက်မယ် အဲ့ငွေလေးကို

စိန်နားကပ် ဘယ်တော့ပို့မှာလည်းဆိုပြီး ဖုန်းဆက်တော့မှ ပြဿနာတက်တော့တာပဲ။အဲ့ကြမှ ဖုန်းနံပါတ်နဲ့လိုက်၊ ဘဏ်အကောင့်နဲ့လိုက်တော့မှ ပြန်မိတယ်။တော်သေး တာပေါ့..လိမ်တဲ့ကောင်မလေးက မလည်လို့။ သူသာ ဖုန်းနံပါတ်ကလည်း အမှန်မဟုတ်၊ Wave လို

ငွေလွဲတာမျိုးနဲ့ ပြန်လွှဲခိုင်းလိုက်ရင် ဆုံးပြီပေါ့ဗျာ.. အွန်လိုင်းကဈေးရောင်းသူတွေ သတိထားနိုင်ဖို့ပါ။လိမ်တဲ့သူတွေကတော့နည်းလမ်းပေါင်းစုံနဲ့ လိမ်ဖို့ချောင်းနေကြတာပါ။သတိမလွတ်ဖို့လိုပါတယ်။ဒီနေရာမှာ ဖုန်းနံပါတ်အမည်ပေါက်ဖြစ်ဖို့နဲ့ ဘဏ်အကောင့် စနစ်အသုံးပြုမှု အကျိုးကျေးဇူးတွေ့ရမှာပါ။ – ကျော်ကြီး(MDY)

ဒါကတော့ ဖြစ်စဉ်အပြည့်အစုံပါ..

အွန်လိုင်းက လိုက်ဖ်လွှင့် ပစ္စည်းရောင်းသူများ သတိထားသင့်တဲ့ သိန်း ၃၀ ကျော် လိမ်လည်မှုဖြစ်စဉ်ကို ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့ကနေ ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ပါတယ်။ကမာရွတ်မြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း အမှတ် (၁၀၂)၌ ရတနာပစ္စည်းများကို

အွန်လိုင်းမှ ရောင်းချနေစဉ် Htoo Htoo Htet Aung ဖေ့စ်ဘွတ် အကောင့်ပိုင်ရှင်က ငွေကျပ် (၃၃) သိန်းတန် စိန်နားကပ်တစ်ရန်အား ဒီဇင်ဘာ (၂၅) ရက်က မိုဘိုင်း အကောင့်မှ ငွေလွှဲ၍ မှာယူခဲ့ပါတယ်။ထို့နောက် ဒီဇင် ဘာ ၂၆ ရက်တွင် ဖုန်းနံပါတ် ၀၉-၉၆၀၉၄၁၈၃၇

ကိုင်ဆောင်သူက ဗိုင်ပါ ဖြင့် ဆက်သွယ်လာပြီး Htoo Htoo Htet Aung အကောင့်ဖြင့် မှာယူထားသော စိန်နားကပ်အား မဝယ်ဖြစ်တော့ကြောင်းနှင့် ငွေကျပ် ၃၃ သိန်းကို ၎င်း၏အမေဖွင့်ထားသည့် Daw Thin Thin Htay အမည်ရှိ မိုဘိုင်းအကောင့် နံပါတ်သို့ ပြန်လည်

လွှဲပေးရန် ပြောဆိုသဖြင့် ကုမ္ပဏီသို့ မှာယူပြီးပစ္စည်း မယူတော့သည့်အတွက် ငွေကျပ် ၂၃၀၀၀၀ ကို နုတ်ယူပြီး ကျန်ငွေ ကျပ် ၃၀၇၀၀၀၀ ကို လွှဲပေးခဲ့ပါတယ်။ဒီဇင်ဘာ ၂၇ ရက်တွင် Htoo Htoo Htet Aung အကောင့်ပိုင်ရှင်က ၎င်းမှာယူထားသော စိန်နားကပ်ရ၊မရ

ဖုန်းဖြင့် ဆက်သွယ်လာသဖြင့် ဖုန်းနံပါတ် ၀၉-၉၆၀၉၄၁၈၃၇ ကိုင်ဆောင်သူက ငွေကြေးလိမ် လည် ရယူသွားကြောင်း သိရှိရ၍ အရေးယူပေးရန် တိုင်ကြားခဲ့ပါတယ်။ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များ၊

အနောက်ပိုင်းခရိုင် မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များ၊ ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်ဖမ်းဆီး ရမိရေး ဆောင်ရွက်ခဲ့ရာ ဖုန်းနံပါတ် ၀၉-၉၆၀၉၄၁၈၃၇ ကိုင်ဆောင်သူမှာ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊

(၆)ရပ်ကွက် ၊ ကြိုးကြာ(၂)လမ်း၊ အမှတ် (၁၂၆၁)နေ ဖြူသက်သက်ခိုင် (ခ) Phyu Khaing ဖြစ်ကြောင်း သိရသည်။၎င်းကို ဒီဇင်ဘာ ၃၀ ရက်တွင် ဖမ်းဆီးခဲ့ပြီး အဆိုပါအမှုကို ကျူးလွန် ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့ကာ သက်သေခံပစ္စည်း ငွေကျပ် ၃၀၇၀၀၀၀ ကို ပြန်လည် သိမ်းဆည်း၍ဆက်လက် စစ်ဆေးလျက်ရှိပါတယ်။