ယူနက္စကိုေမွ်ာ္ရင္း ယိုယြင္းပ်က္စီးလာေနတဲ့ေျမာက္ဦးေရွးေဟာင္းအေမြအႏွစ္မ်ား

ယူနက္စကိုေမွ်ာ္ရင္း ယိုယြင္းပ်က္စီးလာေနတဲ့ေျမာက္ဦးေရွးေဟာင္းအေမြအႏွစ္မ်ား

ေျမာက္ဦးဟာ ရခိုင္သမိုင္းရဲ႕ထင္ရွားတဲ့ ေရွးေဟာင္းအေမြအႏွစ္ေတြ စုေဝးတည္ရွိေနတဲ့ ၿမိဳ႕ေတာ္ေဟာင္းတစ္ခုျဖစ္ပါတယ္။ဓညဝတီ၊ ေဝသာလီ၊ေလးၿမိဳ႕၊ ေျမာက္ဦးစတဲ့ေခတ္ႀကီးေလးေခတ္အနက္ ေနာက္ ဆုံးေခတ္ျဖစ္ၿပီး လြန္ခဲ့တဲ့ႏွစ္ေပါင္းတစ္ေထာင္ေလာက္

ရခိုင္ဘုရင္ေတြတည္ထားခဲ့တဲ့ ေရွးေဟာင္းအေမြအႏွစ္ေတြ၊ ဗိသုကာလက္ရာေတြနဲ႕ သမိုင္းမွတ္တိုင္ ေတြ အ ထင္အရွားရွိေနတဲ့ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ပါတယ္။ေျမာက္ဦးလို႔ေျပာလိုက္႐ုံနဲ႕ သွ်စ္ေသာင္း၊ ထုကၠန္သိမ္၊ အမ္ေတာ္သိမ္၊ မာရ္ငါးပါးနဲ႕ ကိုးေသာင္းပုထိုးေတာ္ေတြကိုပဲ

ကေတာ့ သြားေရာက္လ့လာဖို႔ဆိုတာ အေတာ္ေလးခက္ခဲလြန္းေနပါတယ္။ေတာင္တန္းအထပ္ထပ္ၾကားမွာ တည္ရွိေနတဲ့ေျမာက္ဦးဟာ က်ဳံးေတြ၊ တံတိုင္းေတြ၊ ခံတပ္ေတြရဲ႕အလယ္မွာရွိေနတာေၾကာင့္ျဖစ္ပါတယ္။ ေတာင္တန္းေတြဟာလည္း ခံတပ္ေတြအျဖစ္တဲ့

ေရွးဘုရင္ေတြဖန္တီးထားခဲ့တဲ့ေနရာေတြျဖစ္ၾကပါတယ္။အဲဒီေတာင္တန္းေတြ ေတာင္ထိပ္တိုင္းမွာလည္း ဘုရားပုထိုးေတြတည္ရွိေနပါတယ္။လက္ရွိမွာေတာ့ အဲ့ဒီအေမြအႏွစ္ေတြအားလုံးနီးပါးဟာ ယိုယြင္းပ်က္စီးမႈေတြနဲ႕ႀကဳံေနရၿပီး ျျပဳျပင္ထိန္းသိမ္းမႈအပိုင္းေတြ

ကို လည္း မလုပ္နိုင္တဲ့အတြက္ ေန႕စဥ္နဲ႕အမွ် ယိုယြင္းပ်က္စီးမယ့္ေဘးဘဏ္ကို ခံေနၾကရတာျဖစ္ပါတယ္။ေျမာက္ဦးရဲ႕အေမြအႏွစ္ေတြကို ထိန္းသိမ္းမႈေတြ ျပဳ လုပ္နိုင္ဖို႔အတြက္ ယူနက္စကို (UNESCO ) အသိမွတ္ျပဳခံရဖို႔ ႀကိဳးစားေနၾကတဲ့အခ်ိန္မွာ ရခိုင္မွာေဒသတြင္း

တိုက္ပြဲေတြျပင္းထန္လာခဲ့ၿပီး လုပ္ငန္းစဥ္ေတြကို ရပ္ တန႔္ထားၾကရသလို ေရွးေဟာင္းဘုရားပုထိုးဧရိယာေတြမွာ တပ္စခန္းေတြ၊ လက္နက္ႀကီးစခန္းေတြတည္ရွိေနကာ တခ်ိဳ႕ေနရာေတြမွာဆိုရင္ လက္နက္ႀကီးက်ည္ေတြ က်ေရာက္ ေပါက္ကြဲတာေၾကာင့္ ပ်က္စီးထိခိုက္မႈ

ေတြနဲ႕ႀကဳံေနရတာျဖစ္ပါတယ္။ပ်က္စီးမႈေတြကို ႀကံ့ ႀကံ့ခံေနရတဲ့ ေျမာက္ဦးၿမိဳ႕ကို ထိန္းသိမ္းကာကြယ္ေပးနိုင္မယ့္ UNESCO အသိမွတ္ျပဳခံရဖို႔ ဘယ္ ေလာက္ၾကာဦးမလဲဆိုတာနဲ႕ ယူနက္စကို စာရင္းဝင္ဖို႔ ေရာ နီး စပ္ေနၿပီလားဆိုတာကလည္း မခန႔္မွန္းနိုင္ေသးတဲ့အေနအထားျဖစ္ေနပါတယ္။

ယူနီကုဒ်ဖြင့် ဖတ်ရန်

ယူနက်စကိုမျှော်ရင်း ယိုယွင်းပျက်စီးလာနေတဲ့မြောက်ဦးရှေးဟောင်းအမွေအနှစ်များ

မြောက်ဦးဟာ ရခိုင်သမိုင်းရဲ့ထင်ရှားတဲ့ ရှေးဟောင်းအမွေအနှစ်တွေ စုဝေးတည်ရှိနေတဲ့ မြို့တော်ဟောင်းတစ်ခုဖြစ်ပါတယ်။ဓညဝတီ၊ ဝေသာလီ၊လေးမြို့၊ မြောက်ဦးစတဲ့ခေတ်ကြီးလေးခေတ်အနက် နောက် ဆုံးခေတ်ဖြစ်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်လောက်က

ရခိုင်ဘုရင်တွေတည်ထားခဲ့တဲ့ ရှေးဟောင်းအမွေအနှစ်တွေ၊ ဗိသုကာလက်ရာတွေနဲ့ သမိုင်းမှတ်တိုင် တွေ အ ထင်အရှားရှိနေတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။မြောက်ဦးလို့ပြောလိုက်ရုံနဲ့ သျှစ်သောင်း၊ ထုက္ကန်သိမ်၊ အမ်တော်သိမ်၊ မာရ်ငါးပါးနဲ့ ကိုးသောင်းပုထိုးတော်တွေကိုပဲ

ကတော့ သွားရောက်လ့လာဖို့ဆိုတာ အတော်လေးခက်ခဲလွန်းနေပါတယ်။တောင်တန်းအထပ်ထပ်ကြားမှာ တည်ရှိနေတဲ့မြောက်ဦးဟာ ကျုံးတွေ၊ တံတိုင်းတွေ၊ ခံတပ်တွေရဲ့အလယ်မှာရှိနေတာကြောင့်ဖြစ်ပါတယ်။ တောင်တန်းတွေဟာလည်း ခံတပ်တွေအဖြစ်တဲ့

ရှေးဘုရင်တွေဖန်တီးထားခဲ့တဲ့နေရာတွေဖြစ်ကြပါတယ်။အဲဒီတောင်တန်းတွေ တောင်ထိပ်တိုင်းမှာလည်း ဘုရားပုထိုးတွေတည်ရှိနေပါတယ်။လက်ရှိမှာတော့ အဲ့ဒီအမွေအနှစ်တွေအားလုံးနီးပါးဟာ ယိုယွင်းပျက်စီးမှုတွေနဲ့ကြုံနေရပြီး ပြုပြင်ထိန်းသိမ်းမှုအပိုင်းတွေ

ကို လည်း မလုပ်နိုင်တဲ့အတွက် နေ့စဉ်နဲ့အမျှ ယိုယွင်းပျက်စီးမယ့်ဘေးဘဏ်ကို ခံနေကြရတာဖြစ်ပါတယ်။မြောက်ဦးရဲ့အမွေအနှစ်တွေကို ထိန်းသိမ်းမှုတွေ ပြု လုပ်နိုင်ဖို့အတွက် ယူနက်စကို (UNESCO ) အသိမှတ်ပြုခံရဖို့ ကြိုးစားနေကြတဲ့အချိန်မှာ ရခိုင်မှာဒေသတွင်း

တိုက်ပွဲတွေပြင်းထန်လာခဲ့ပြီး လုပ်ငန်းစဉ်တွေကို ရပ် တန့်ထားကြရသလို ရှေးဟောင်းဘုရားပုထိုးဧရိယာတွေမှာ တပ်စခန်းတွေ၊ လက်နက်ကြီးစခန်းတွေတည်ရှိနေကာ တချို့နေရာတွေမှာဆိုရင် လက်နက်ကြီးကျည်တွေ ကျရောက် ပေါက်ကွဲတာကြောင့် ပျက်စီးထိခိုက်မှု

တွေနဲ့ကြုံနေရတာဖြစ်ပါတယ်။ပျက်စီးမှုတွေကို ကြံ့ ကြံ့ခံနေရတဲ့ မြောက်ဦးမြို့ကို ထိန်းသိမ်းကာကွယ်ပေးနိုင်မယ့် UNESCO အသိမှတ်ပြုခံရဖို့ ဘယ် လောက်ကြာဦးမလဲဆိုတာနဲ့ ယူနက်စကို စာရင်းဝင်ဖို့ ရော နီး စပ်နေပြီလားဆိုတာကလည်း မခန့်မှန်းနိုင်သေးတဲ့အနေအထားဖြစ်နေပါတယ်။