အက်ဥ္းသားဖခင္ကို ေတြ႕ရန္ စက္ဘီးျဖင့္ အသြား အျပန္ ကီလိုမီတာ ၁၀၀ ခရီးကို ခရီးဆန္ခဲ့ၾကသည့္ သနားစဖြယ္ကေလး ၂ ဦး႐ုပ္သံ ပ်ံ့ႏွံ႕(႐ုပ္သံ)

အက်ဥ္းသားဖခင္ကို ေတြ႕ရန္ စက္ဘီးျဖင့္ ခရီးဆန္ခဲ့ၾကသည့္ သနားစဖြယ္ကေလး ၂ ဦး႐ုပ္သံ ပ်ံ့ႏွံ႕

ထိုင္းနိုင္ငံမွာ အက်ဥ္းက်ေနတဲ့ ဖခင္ျဖစ္သူကို ေတြ႕နိုင္ဖို႔ အသြားအျပန္ ကီလိုမီတာ ၁၀၀ ခရီးကို စက္ဘီးနဲ႕ ခရီးဆန႔္ခဲ့ၾကတဲ့ ကေလး ၂ ဦးရဲ႕ ႐ုပ္သံဗြီဒီယိုဖိုင္ဟာ အင္တာနက္ စာမ်က္ႏွာေတြေပၚမွာ ပ်ံ့ႏွံ႕ေနပါတယ္။

အဲဒီကေလးငယ္ ၂ ဦးဟာ ထိုင္းနိုင္ငံ အေရွ႕ေျမာက္ပိုင္း ဘန္ႏြတ္ခြန္ေဒသမွျဖစ္ကာ စက္ဘီးကိုယ္စီနဲ႕ ဖခင္ရွိရာ အက်ဥ္းေထာင္ဆီ နင္းၿပီး ေရာက္ေအာင္လာခဲ့ၾကတာျဖစ္တယ္လို႔ ထိုင္းဘာသာနဲ႕ ထုတ္ေဝတဲ့ တီနယူးစ္

သတင္းမွာ ေဖာ္ျပပါတယ္။ကီလိုမီတာ ၅၀ အကြာရွိတဲ့ ဆီဆာခက္တ္ေဒသမွ အက်ဥ္းေထာင္ကို ေရာက္ရွိတဲ့အခ်ိန္မွာေတာ့ ေန႕လည္ ၁၂း၁၀ နာရီရွိေနၿပီး သူတို႔ဟာ အိမ္ကေန မနက္ ရး၃၀ နာရီကတည္းက ထြက္လာခဲ့

ၾကတယ္လို႔ ဆိုပါတယ္။ဒါေပမယ့္ ဧည့္ေတြ႕ခ်ိန္မဟုတ္လို႔ ကေလးေတြဟာ ဖခင္နဲ႕ မဆုံခဲ့ရပါဘူး။သူတို႔ညီ အစ္ကိုဟာ အက်ဥ္းေထာင္လုံၿခဳံေရး တာဝန္က်ဝန္ ထမ္းတဦးျဖစ္တဲ့ အဖီခ်ိဳင္ မန္ေထာင္းနဲ႕

စကားေမးျမန္းေျပာဆိုခ်ိန္မွာ သူ႕အေနနဲ႕ မ်က္ရည္ဝဲခဲ့ရတယ္လို႔ အဖီခ်ိဳင္ မန္ေထာင္းက ေျပာပါတယ္။အဲဒီေန႕ဟာ ေက်ာင္းပိတ္ရက္လည္း ျဖစ္တာမို႔ သူတို႔ရဲ႕ဖခင္ကို လြမ္းဆြတ္စိတ္၊ ခ်စ္ခင္စိတ္ေတြနဲ႕ လာခဲ့ၾကတာ

ျဖစ္တယ္လို႔ သူက ဆိုပါတယ္။သူဟာ ကေလး ၂ ေယာက္ကို ေန႕လယ္စာစားဖို႔ ဘတ္ ၁၀၀ စီေပးခဲ့ၿပီး အိမ္ကို ျပန္လႊတ္ခဲ့ရတာပါ။ဒီ႐ုပ္သံဗြီဒီယိုဖိုင္ကို အဖီခ်ိဳင္က သူ႕ရဲ႕ ေဖ့စ္ဘြတ္ခ္ လူမႈကြန္ရက္စာမ်က္ႏွာေပၚ

မွတဆင့္ မွ်ေဝခဲ့တာျဖစ္ၿပီး အင္တာနက္ အသုံးျပဳသူေတြဟာ ဒီအျဖစ္အပ်က္အေပၚ က႐ုဏာသက္ခဲ့ၾကတာပါ။အဖီခ်ိဳင္က ကေလးေတြရဲ႕ ေဆြမ်ိဳးသားခ်င္းေတြကို ဒီခရီးဟာ ပင္ပန္းတဲ့ခရီးရွည္ ျဖစ္တာမို႔

ေနာက္တႀကိမ္ဆိုရင္ အတူတူလာေရာက္ၾကဖို႔ ေမတၱာ ရပ္ခံလိုက္ပါတယ္။အင္တာနက္အသုံးျပဳသူေတြက ေတာ့ ခုေလာက္ရွည္တဲ့ခရီးကို လာခဲ့ရၿပီးမွ ဖခင္နဲ႕ မေတြ႕လိုက္ရတဲ့ ကေလး ၂ ဦးကို သနားက႐ုဏာ သက္

ေနၾကတာပါ။ကေလး ၂ ဦးရဲ႕ ဖခင္ျဖစ္သူဟာ ဘယ္အမႈေၾကာင့္ အက်ဥ္းက်ေနသူျဖစ္တယ္ ဆိုတာရယ္၊ လြတ္ရက္က ဘယ္ေန႕ျဖစ္တယ္ ဆိုတာရယ္ကိုေတာ့ သတင္းမွာ ေဖာ္ျပမထားပါဘူး။

ယူနီကုဒ်ဖြင့် ဖတ်ရန်

အကျဉ်းသားဖခင်ကို တွေ့ရန် စက်ဘီးဖြင့် ခရီးဆန်ခဲ့ကြသည့် သနားစဖွယ်ကလေး ၂ ဦးရုပ်သံ ပျံ့နှံ့

ထိုင်းနိုင်ငံမှာ အကျဉ်းကျနေတဲ့ ဖခင်ဖြစ်သူကို တွေ့နိုင်ဖို့ အသွားအပြန် ကီလိုမီတာ ၁၀၀ ခရီးကို စက်ဘီးနဲ့ ခရီးဆန့်ခဲ့ကြတဲ့ ကလေး ၂ ဦးရဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေပါတယ်။

အဲဒီကလေးငယ် ၂ ဦးဟာ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ဘန်နွတ်ခွန်ဒေသမှဖြစ်ကာ စက်ဘီးကိုယ်စီနဲ့ ဖခင်ရှိရာ အကျဉ်းထောင်ဆီ နင်းပြီး ရောက်အောင်လာခဲ့ကြတာဖြစ်တယ်လို့ ထိုင်းဘာသာနဲ့ ထုတ်ဝေတဲ့ တီနယူးစ်

သတင်းမှာ ဖော်ပြပါတယ်။ကီလိုမီတာ ၅၀ အကွာရှိတဲ့ ဆီဆာခက်တ်ဒေသမှ အကျဉ်းထောင်ကို ရောက်ရှိတဲ့အချိန်မှာတော့ နေ့လည် ၁၂း၁၀ နာရီရှိနေပြီး သူတို့ဟာ အိမ်ကနေ မနက် ရး၃၀ နာရီကတည်းက ထွက်လာခဲ့

ကြတယ်လို့ ဆိုပါတယ်။ဒါပေမယ့် ဧည့်တွေ့ချိန်မဟုတ်လို့ ကလေးတွေဟာ ဖခင်နဲ့ မဆုံခဲ့ရပါဘူး။သူတို့ညီ အစ်ကိုဟာ အကျဉ်းထောင်လုံခြုံရေး တာဝန်ကျဝန် ထမ်းတဦးဖြစ်တဲ့ အဖီချိုင် မန်ထောင်းနဲ့

စကားမေးမြန်းပြောဆိုချိန်မှာ သူ့အနေနဲ့ မျက်ရည်ဝဲခဲ့ရတယ်လို့ အဖီချိုင် မန်ထောင်းက ပြောပါတယ်။အဲဒီနေ့ဟာ ကျောင်းပိတ်ရက်လည်း ဖြစ်တာမို့ သူတို့ရဲ့ဖခင်ကို လွမ်းဆွတ်စိတ်၊ ချစ်ခင်စိတ်တွေနဲ့ လာခဲ့ကြတာ

ဖြစ်တယ်လို့ သူက ဆိုပါတယ်။သူဟာ ကလေး ၂ ယောက်ကို နေ့လယ်စာစားဖို့ ဘတ် ၁၀၀ စီပေးခဲ့ပြီး အိမ်ကို ပြန်လွှတ်ခဲ့ရတာပါ။ဒီရုပ်သံဗွီဒီယိုဖိုင်ကို အဖီချိုင်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာပေါ်

မှတဆင့် မျှဝေခဲ့တာဖြစ်ပြီး အင်တာနက် အသုံးပြုသူတွေဟာ ဒီအဖြစ်အပျက်အပေါ် ကရုဏာသက်ခဲ့ကြတာပါ။အဖီချိုင်က ကလေးတွေရဲ့ ဆွေမျိုးသားချင်းတွေကို ဒီခရီးဟာ ပင်ပန်းတဲ့ခရီးရှည် ဖြစ်တာမို့

နောက်တကြိမ်ဆိုရင် အတူတူလာရောက်ကြဖို့ မေတ္တာ ရပ်ခံလိုက်ပါတယ်။အင်တာနက်အသုံးပြုသူတွေက တော့ ခုလောက်ရှည်တဲ့ခရီးကို လာခဲ့ရပြီးမှ ဖခင်နဲ့ မတွေ့လိုက်ရတဲ့ ကလေး ၂ ဦးကို သနားကရုဏာ သက်

နေကြတာပါ။ကလေး ၂ ဦးရဲ့ ဖခင်ဖြစ်သူဟာ ဘယ်အမှုကြောင့် အကျဉ်းကျနေသူဖြစ်တယ် ဆိုတာရယ်၊ လွတ်ရက်က ဘယ်နေ့ဖြစ်တယ် ဆိုတာရယ်ကိုတော့ သတင်းမှာ ဖော်ပြမထားပါဘူး။