ခါေတာ္မီ အပန္းေျဖစခန္းေတြရဲ့ ဂ်င္းထည့္ ခံေနရတဲ့ ရန္ကုန္သားမ်ား

ခါေတာ္မီ အပန္းေျဖစခန္းေတြရဲ့ ဂ်င္းထည့္ ခံေနရတဲ့ ရန္ကုန္သားမ်ား ရန္ကုန္ၿမိဳ့ျပင္မွာ ေျမကြက္က်ယ္ေတြ ဝယ္ထားမိတဲ့သူေတြအတြက္ေတာ့ ဒီကာလမွာ ေရႊပဲ။အားလုံးလည္း ခရီးသြားဖို့ ကားလမ္းေတြ မပြင့္

အိမ္ထဲမယ္ မြန္းက်ပ္ေနၾကေတာ့ ေျမႀကီးေပၚ ဖ်ာခင္းၿပီး ေကာင္းကင္ကို ၾကည့္ေနရလည္း ဘဝထင္ကုန္ၾကၿပီ။ ေတာအုပ္လို ခ်ဳံေလး ေလးငါးခုျမင္ရင္ အာဖရိကထဲေရာက္သြားတဲ့ ေမ်ာက္ေလးေတြလို ေပ်ာ္ၿပီး

အပန္းသြားေျဖေနၾကေရာ စေတးဟုမ္းၾကာေတာ့ လူေလးေတြမွာ သနားစရာေတာင္ ေကာင္းတယ္ အပန္းေျဖစခန္းဆိုၿပီး ခ်ဳံေရွ႕မွာ ကုလားထိုင္ေလးနဲ႔ ေရွ႕ကခ်ဳံပုတ္ေတြကို ေငးရင္ ပုံရိုက္ထားၾကတာကို မန္းရွင္းေတြေခၚၿပီး

သြားၾကမယ္ ဒိုးၾကမယ္နဲ႔ ခ်ိန္းေနၾကတာမ်ား ဘာေတြမ်ား ျပင္ဆင္ထားလည္းလို့ ၾကည့္လိုက္မိတာ အပင္ေတြၾကားထဲက ေျမကြက္ေပၚ သစ္သားကြပ္ျပစ္ထိုးၿပီး ေခါင္းအုံး ေလးငါးလုံး ပစ္တင္ေပးထားတာ

အညာက ဖ်င္ေစာင္လိုဟာႀကီးကို သစ္ပင္ဟိုဘက္ဒီဘက္ခ်ည္ၿပီး ဒန္းလုပ္စီးေနၾကတယ္ အယ္လယ့္ ၿခံပိုင္ရွင္က သူ႔အဖိုးထိုင္တဲ့ အိမ္ကကုလားထိုင္ကို အတင္းလုလာၿပီး ဂစ္တာေလးတစ္လုံးနဲ႔ ခ်ဳံေတြၾကား ခ်ေပးထားတာကို

သူတို့ခမ်ာ တကယ့္ ရိုမန႔္တစ္ဆန္တဲ့ ေနရာႀကီးထင္ေနၾကတာ ေျမႀကီးေပၚ ရြက္ဖ်င္တဲထဲမယ္ က်ပ္က်ပ္တည္းတည္းအိပ္ရတာကို ပိုက္ဆံေတြေပး ႀကိဳတင္ဘြတ္ကင္ေတြတင္ၿပီး အဲ့မွာ ေပ်ာ္ေနလတ္ၾကေတာ့။ ခရက္ဒစ္ Htoo Htet Htet Aung

ယူနီကုဒ္ျဖင့္ ဖတ္ရန္

ခါတော်မီ အပန်းဖြေစခန်းတွေရဲ့ ဂျင်းထည့် ခံနေရတဲ့ ရန်ကုန်သားများ ရန်ကုန်မြို့ပြင်မှာ မြေကွက်ကျယ်တွေ ဝယ်ထားမိတဲ့သူတွေအတွက်တော့ ဒီကာလမှာ ရွှေပဲ။အားလုံးလည်း ခရီးသွားဖို့ ကားလမ်းတွေ မပွင့်

အိမ်ထဲမယ် မွန်းကျပ်နေကြတော့ မြေကြီးပေါ် ဖျာခင်းပြီး ကောင်းကင်ကို ကြည့်နေရလည်း ဘဝထင်ကုန်ကြပြီ။ တောအုပ်လို ချုံလေး လေးငါးခုမြင်ရင် အာဖရိကထဲရောက်သွားတဲ့ မျောက်လေးတွေလို ပျော်ပြီး

အပန်းသွားဖြေနေကြရော စတေးဟုမ်းကြာတော့ လူလေးတွေမှာ သနားစရာတောင် ကောင်းတယ် အပန်းဖြေစခန်းဆိုပြီး ချုံရှေ့မှာ ကုလားထိုင်လေးနဲ့ ရှေ့ကချုံပုတ်တွေကို ငေးရင် ပုံရိုက်ထားကြတာကို မန်းရှင်းတွေခေါ်ပြီး

သွားကြမယ် ဒိုးကြမယ်နဲ့ ချိန်းနေကြတာများ ဘာတွေများ ပြင်ဆင်ထားလည်းလို့ ကြည့်လိုက်မိတာ အပင်တွေကြားထဲက မြေကွက်ပေါ် သစ်သားကွပ်ပြစ်ထိုးပြီး ခေါင်းအုံး လေးငါးလုံး ပစ်တင်ပေးထားတာ

အညာက ဖျင်စောင်လိုဟာကြီးကို သစ်ပင်ဟိုဘက်ဒီဘက်ချည်ပြီး ဒန်းလုပ်စီးနေကြတယ် အယ်လယ့် ခြံပိုင်ရှင်က သူ့အဖိုးထိုင်တဲ့ အိမ်ကကုလားထိုင်ကို အတင်းလုလာပြီး ဂစ်တာလေးတစ်လုံးနဲ့ ချုံတွေကြား ချပေးထားတာကို

သူတို့ခမျာ တကယ့် ရိုမန့်တစ်ဆန်တဲ့ နေရာကြီးထင်နေကြတာ မြေကြီးပေါ် ရွက်ဖျင်တဲထဲမယ် ကျပ်ကျပ်တည်းတည်းအိပ်ရတာကို ပိုက်ဆံတွေပေး ကြိုတင်ဘွတ်ကင်တွေတင်ပြီး အဲ့မှာ ပျော်နေလတ်ကြတော့။ ခရက်ဒစ် Htoo Htet Htet Aung