ျမန္မာနိုင္ငံရွိ မသန္စြမ္းကေလးငယ္ ၄၀ေက်ာ္ကို ခြဲစိတ္ေပးခဲ့တဲ့ အာဆင္နယ္အသင္းရဲ႕ နာမည္ေက်ာ္ ကြင္းလယ္တိုက္စစ္ကစားသမား အိုေဇးလ္

ျမန္မာနိုင္ငံရွိ မသန္စြမ္းကေလးငယ္ ၄၀ေက်ာ္ကို ခြဲစိတ္ေပးခဲ့တဲ့ အိုေဇးလ္။ (Zawgyi Code ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ယူနီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္) ပရီးမီးယားလိဂ္ နာမည္ႀကီး အသင္းတစ္သင္းျဖစ္တဲ့ အာဆင္နယ္ အသင္းရဲ႕ နာမည္ေက်ာ္ ကြင္းလယ္တိုက္စစ္

ကစားသမားတစ္ဦးျဖစ္တဲ့ မီဆြတ္အိုေဇးလ္ကေတာ့ ျမန္မာနိုင္ငံအပါအဝင္ ဖြံ႕ၿဖိဳးဆဲနိုင္ငံေတြမွာရွိတဲ့ မသန္စြမ္း ကေလးငယ္ေတြကို ခြဲစိတ္မႈေတြ ျပဳလုပ္နိုင္ေအာင္ အကူအညီေပးခဲ့ေၾကာင္း သိရွိရပါတယ္။ အသက္ ၃၂ႏွစ္ အ႐ြယ္ ရွိေနၿပီျဖစ္တဲ့

ဂ်ာမန္ လက္ေ႐ြးစင္ေဟာင္း မီဆြတ္အိုေဇးလ္ဟာ ကမာၻ႔ လုပ္ခလစာအျမင့္ဆုံး ေဘာလုံးသမားေတြထဲက တစ္ဦးျဖစ္ေပမယ့္ ႏွစ္စဥ္ႏွစ္တိုင္း ကမာၻအႏွံ႔မွာ ပရဟိတလုပ္ငန္းမ်ားစြာကို လႉဒါန္းေလ့ရွိသလို လူမႈေရး၊ နိုင္ငံေရးနဲ႔ ကမာၻ႔အေရးေတြမွာပါ

တက္တက္ႂကြႂကြ ပါဝင္လႈပ္ရွားတတ္သူလည္းျဖစ္ပါတယ္။ အိုေဇးလ္ရဲ႕ ျမန္မာနိုင္ငံအတြက္ပါ ထည့္ဝင္လႉဒါန္းေလ့ ရွိတဲ့အလႉကေတာ့ Big Shoesအဖြဲ႕အစည္းနဲ႔ပူးေပါင္းကာ ခြဲစိတ္မႈျပဳလုပ္ရမယ့္ ကေလးငယ္ေတြကို ခြဲစိတ္ေပးတဲ့ အလႉျဖစ္ၿပီး

၂၀၂၀ ခုႏွစ္အတြင္းမွာဆိုရင္ အိုေဇးလ္ဟာ ျမန္မာနိုင္ငံ၊ ဘရာဇီးလ္နိုင္ငံ၊ ေတာင္အာဖရိကနိုင္ငံ ယူဂန္ဒါနိုင္ငံ၊ ကင္မ႐ြန္းနိုင္ငံနဲ႔ အိႏၵိယနိုင္ငံေတြမွာရွိတဲ့ မသန္စြမ္းကေလးငယ္ ၁၅၇ေယာက္ကို ခြဲစိတ္ေပးခဲ့ေၾကာင္း သိရပါတယ္။

အဆိုပါ ကေလးငယ္ေတြထဲကမွ အေယာက္ ၄၀ေက်ာ္ဟာ ျမန္မာနိုင္ငံကျဖစ္ၿပီး ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕နဲ႔ အနီးတစ္ဝိုက္မွာရွိတဲ့ ကေလးငယ္ေတြကို ခြဲစိတ္မႈျပဳလုပ္ေပးခဲ့တာပဲ ျဖစ္ပါတယ္။ Big Shoe အဖြဲ႕အစည္းဟာ

အိုေဇးလ္ဟာ ၿပီးခဲ့တဲ့ ၂၀၁၉ခုႏွစ္မွာလည္း ျမန္မာနိုင္ငံ လြိဳင္ေကာ္ၿမိဳ႕အနီးက ကေလးငယ္ အေယာက္ ၄၀ကို အခုလို ခြဲစိတ္မႈေတြ ျပဳလုပ္ေပးခဲ့ဖူးပါတယ္။ အိုေဇးလ္ကေတာ့ အဆိုပါအလႉနဲ႔ပတ္သတ္ၿပီး သူ႔ရဲ႕တြစ္တာအေကာင့္မွာ

ပါဝင္ကူညီေပးၾကတဲ့ ဆရာဝန္ေတြ၊ ေစတနာ့ဝန္ထမ္းေတြကို ေက်းဇူးတင္ေၾကာင္း ေျပာၾကားထားသလို ၂၀၂၁ခုႏွစ္မွာလည္း ပိုမိုလႉဒါန္းသြားမွာျဖစ္ေၾကာင္း ဆိုထားပါတယ္။ ေက်းဇူးကမာၻပါ မီဆြတ္ေရ။ မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္

ယူနီကုဒ်ဖြင့် ဖတ်ရန်

မြန်မာနိုင်ငံရှိ မသန်စွမ်းကလေးငယ် ၄၀ကျော်ကို ခွဲစိတ်ပေးခဲ့တဲ့ အိုဇေးလ်။ ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်းဖြစ်တဲ့ အာဆင်နယ် အသင်းရဲ့ နာမည်ကျော် ကွင်းလယ်တိုက်စစ်

ကစားသမားတစ်ဦးဖြစ်တဲ့ မီဆွတ်အိုဇေးလ်ကတော့ မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာရှိတဲ့ မသန်စွမ်း ကလေးငယ်တွေကို ခွဲစိတ်မှုတွေ ပြုလုပ်နိုင်အောင် အကူအညီပေးခဲ့ကြောင်း သိရှိရပါတယ်။ အသက် ၃၂နှစ် အရွယ် ရှိနေပြီဖြစ်တဲ့

ဂျာမန် လက်ရွေးစင်ဟောင်း မီဆွတ်အိုဇေးလ်ဟာ ကမ္ဘာ့ လုပ်ခလစာအမြင့်ဆုံး ဘောလုံးသမားတွေထဲက တစ်ဦးဖြစ်ပေမယ့် နှစ်စဉ်နှစ်တိုင်း ကမ္ဘာအနှံ့မှာ ပရဟိတလုပ်ငန်းများစွာကို လှူဒါန်းလေ့ရှိသလို လူမှုရေး၊ နိုင်ငံရေးနဲ့ ကမ္ဘာ့အရေးတွေမှာပါ

တက်တက်ကြွကြွ ပါဝင်လှုပ်ရှားတတ်သူလည်းဖြစ်ပါတယ်။ အိုဇေးလ်ရဲ့ မြန်မာနိုင်ငံအတွက်ပါ ထည့်ဝင်လှူဒါန်းလေ့ ရှိတဲ့အလှူကတော့ Big Shoesအဖွဲ့အစည်းနဲ့ပူးပေါင်းကာ ခွဲစိတ်မှုပြုလုပ်ရမယ့် ကလေးငယ်တွေကို ခွဲစိတ်ပေးတဲ့ အလှူဖြစ်ပြီး

၂၀၂၀ ခုနှစ်အတွင်းမှာဆိုရင် အိုဇေးလ်ဟာ မြန်မာနိုင်ငံ၊ ဘရာဇီးလ်နိုင်ငံ၊ တောင်အာဖရိကနိုင်ငံ ယူဂန်ဒါနိုင်ငံ၊ ကင်မရွန်းနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတွေမှာရှိတဲ့ မသန်စွမ်းကလေးငယ် ၁၅၇ယောက်ကို ခွဲစိတ်ပေးခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ကလေးငယ်တွေထဲကမှ အယောက် ၄၀ကျော်ဟာ မြန်မာနိုင်ငံကဖြစ်ပြီး ကယားပြည်နယ်၊ လွိုင်ကော်မြို့နဲ့ အနီးတစ်ဝိုက်မှာရှိတဲ့ ကလေးငယ်တွေကို ခွဲစိတ်မှုပြုလုပ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ Big Shoe အဖွဲ့အစည်းဟာ

အိုဇေးလ်ဟာ ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ်မှာလည်း မြန်မာနိုင်ငံ လွိုင်ကော်မြို့အနီးက ကလေးငယ် အယောက် ၄၀ကို အခုလို ခွဲစိတ်မှုတွေ ပြုလုပ်ပေးခဲ့ဖူးပါတယ်။ အိုဇေးလ်ကတော့ အဆိုပါအလှူနဲ့ပတ်သတ်ပြီး သူ့ရဲ့တွစ်တာအကောင့်မှာ

ပါဝင်ကူညီပေးကြတဲ့ ဆရာဝန်တွေ၊ စေတနာ့ဝန်ထမ်းတွေကို ကျေးဇူးတင်ကြောင်း ပြောကြားထားသလို ၂၀၂၁ခုနှစ်မှာလည်း ပိုမိုလှူဒါန်းသွားမှာဖြစ်ကြောင်း ဆိုထားပါတယ်။ ကျေးဇူးကမ္ဘာပါ မီဆွတ်ရေ။ မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်