ခရီးသြားေတြကို ဂ်င္းထည့္ေနတဲ့ ပူတာအို မနက္ခင္းေစ်းက ရွီးပဒီး (သို႔) ဂ်င္းပဒီး

ပူတာအိုရဲ႕ မထူးေပမဲ့ ဆန္းတဲ့ မနက္ခင္းေဈးမွာ ခရီးသြားေတြ အားလုံးနီးပါးမိဖူးတဲ့ “ဂ်င္း” ကေတာ့ ရွီးပဒီးေပါ့။

ဘာလဲ.. ရွီးပဒီး.. တိုတိုနဲ႕ လိုရင္းေျပာရရင္ ေဆးဖက္ဝင္တယ္ဆိုၿပီး လူႀကိဳက္မ်ားလြန္းတဲ့ ေဆာင္းပိုး၊ ေႏြျမက္။ ေဆာင္းရာသီေျမေအာင္း ေဘာက္ဖတ္ပိုးေလာင္းေကာင္ေလးေတြကို ဘက္တီးရီးယားလို မွိုတမ်ိဳး ကပ္ညိရာကေန၊ ေႏြရာသီ ေရာက္တဲ့အခါ

ပိုးေလာင္းေကာင္က ေျခာက္သြားၿပီး ေဆးျမက္ပင္ျဖစ္ေနတဲ့အရာ။ပူတာအိုမွာ တေကာင္ “၁၅၀၀” ကေန “၉၀၀၀၀” ဝန္းက်င္အထိ ေပါက္ေဈးရွိတဲ့ အေရာင္းသြက္ဆုံး လက္ေဆာင္တမ်ိဳး။ေဒသခံျဖစ္တဲ့ ကခ်င္ဗမာေလး ကိုတူးေအာင္ကို ေမးၾကည့္ေတာ့..။

တိုင္းရင္းသား ထုံးစံအတိုင္း တခြန္းဘဲခပ္ျပတ္ျပတ္ေျဖတယ္ မဝယ္နဲ႕တဲ့။အယ္.. ဘယ္လို.. ရွင္းျပဦးေလဗ်ာ။ တေကာင္ (၁၅၀၀) နဲ႕ ေရာင္းေပးနိုင္တဲ့အထိ သိန္းေသာင္းခ်ီၿပီး ေပါမ်ားတဲ့ ရွီးပဒီး ထြက္တဲ့ေနရာ ဒီကမာၻမွာ ဘယ္ေနရာမွာမွ မရွိဘူး.. အကို။

သူတို႔ေရာင္းေနတဲ့ ရွီးပဒီးဆိုတာေတြကို လုပ္ေနတဲ့ ကြၽန္ေတာ့္မိန္းမဖက္က အမ်ိဳးေတြရွိတဲ့ေနရာေခၚျပမယ္ လိုက္ခဲ့ပါလားတဲ့။ဒါနဲ႕ပဲ အထက္ရွန္ေခါင္႐ြာဖက္ ေရာက္ခဲ့ျပန္တယ္။ ေသာက္က်ိဳးနည္း၊ ေပါမ်ားလိုက္တဲ့ ရွီးပဒီး။ ေရခဲေတာင္ေျခမွာ သဘာဝအတိုင္း

အျမစ္ဖြာကို လွီးထုတ္၊ တညေရစိမ္ထား၊ နႏြင္းနဲ႕လွိမ့္ ေ႐ႊအိုေရာင္ရွီးပဒီးေကာင္ရမယ္။၃ ရက္ေလာက္ က်ပ္တင္ အျမစ္ထိပ္ဖ်ားေလးေတြ မည္းေရာင္သမ္းလာေရာ။နႏြင္းနဲ႕ထပ္လွိမ့္ ေနပူပူမွာ တပါတ္လွမ္း၊ လက္နဲ႕ပြတ္ၾကည့္လို႔ အမႈန႔္ေတြ မထြက္ေတာ့ဘူးဆိုရင္

အသင့္ေရာင္းရန္ ရွီးပဒီးရၿပီ၊ တေကာင္ကို (၁၅၀၀) က်ပ္..။ဒါဆို “ရွီးပဒီး” အစစ္ကေရာ မရွိဘူးလား.. ကိုတူးေအာင္။ရွိေလာက္မွာပါ၊ အစစ္ရွိလို႔သာ အတုေတြေပၚလာတာေပါ့ဗ်ာ.. အစစ္က ကမာၻ႔ေခါင္မိုးလို႔ တင္ စားေခၚဆိုတဲ့ တိဘက္ျပည္က ဟိမဝႏၲာေရခဲေတာင္

ၾကားေဒသေတြဟာ ရွီးပဒီးရဲ႕ မူရင္းေဒသေတြျဖစ္မွာေပါ့ေလ။ဒီကခ်င္ျပည္နယ္မွာေရာ။အကို စိတ္ဝင္စားရင္ ဧၿပီလအစပိုင္းေလာက္ ရာဇီ (ႏွင္းဖုံးေတာင္တန္း) ေတြဖက္၊ တက္ၾကရင္း နဲ႕ ရွီးပဒီးမုဆိုးေတြေနာက္ ဗဟုသုတရေအာင္လိုက္ၾကည့္လို႔ ရတယ္။

ကြၽန္ေတာ္ကေတာ့.. မျမင္ဖူးဘူး။အခုေရာင္းေနတဲ့ “ရွီးပဒီး” ေတြကမစြမ္းဘူးလား.. သူ႕နည္းသူ႕ဟန္နဲ႕ေတာ့.. စြမ္းမွာေပါ့။ဘယ္လိုသူ႕နည္း၊ သူ႕ဟန္နဲ႕ စြမ္းတယ္ဆိုတာ.. ေရနဲ႕စိမ္ေသာက္ ေသးေပါက္မယ္ (ဆီး႐ႊင္တယ္)။ သစ္ျမစ္ ဆိုေတာ့ ဖန္တဲ့အရသာပါသေပါ့။

နႏြင္းဆိုေတာ့ ေရေႏြးနဲ႕မျပဳပ္ရဘူး။အေရာင္ေတြ ကြၽတ္ကုန္ေရာ။ခပ္ႀကီးႀကီး ရွီးပဒီးဆို ပိုစြမ္းမယ္ ေခြးေတာင္ ပစ္လို႔ရတယ္ေလဗ်ာ ဆိုဘဲ။(Kin ShiHimura)

ယူနီကုဒ်ဖြင့် ဖတ်ရန်

ပူတာအိုရဲ့ မထူးပေမဲ့ ဆန်းတဲ့ မနက်ခင်းဈေးမှာ ခရီးသွားတွေ အားလုံးနီးပါးမိဖူးတဲ့ “ဂျင်း” ကတော့ ရှီးပဒီးပေါ့။

ဘာလဲ.. ရှီးပဒီး.. တိုတိုနဲ့ လိုရင်းပြောရရင် ဆေးဖက်ဝင်တယ်ဆိုပြီး လူကြိုက်များလွန်းတဲ့ ဆောင်းပိုး၊ နွေမြက်။ ဆောင်းရာသီမြေအောင်း ဘောက်ဖတ်ပိုးလောင်းကောင်လေးတွေကို ဘက်တီးရီးယားလို မှိုတမျိုး ကပ်ညိရာကနေ၊ နွေရာသီ ရောက်တဲ့အခါ

ပိုးလောင်းကောင်က ခြောက်သွားပြီး ဆေးမြက်ပင်ဖြစ်နေတဲ့အရာ။ပူတာအိုမှာ တကောင် “၁၅၀၀” ကနေ “၉၀၀၀၀” ဝန်းကျင်အထိ ပေါက်ဈေးရှိတဲ့ အရောင်းသွက်ဆုံး လက်ဆောင်တမျိုး။ဒေသခံဖြစ်တဲ့ ကချင်ဗမာလေး ကိုတူးအောင်ကို မေးကြည့်တော့..။

တိုင်းရင်းသား ထုံးစံအတိုင်း တခွန်းဘဲခပ်ပြတ်ပြတ်ဖြေတယ် မဝယ်နဲ့တဲ့။အယ်.. ဘယ်လို.. ရှင်းပြဦးလေဗျာ။ တကောင် (၁၅၀၀) နဲ့ ရောင်းပေးနိုင်တဲ့အထိ သိန်းသောင်းချီပြီး ပေါများတဲ့ ရှီးပဒီး ထွက်တဲ့နေရာ ဒီကမ္ဘာမှာ ဘယ်နေရာမှာမှ မရှိဘူး.. အကို။

သူတို့ရောင်းနေတဲ့ ရှီးပဒီးဆိုတာတွေကို လုပ်နေတဲ့ ကျွန်တော့်မိန်းမဖက်က အမျိုးတွေရှိတဲ့နေရာခေါ်ပြမယ် လိုက်ခဲ့ပါလားတဲ့။ဒါနဲ့ပဲ အထက်ရှန်ခေါင်ရွာဖက် ရောက်ခဲ့ပြန်တယ်။ သောက်ကျိုးနည်း၊ ပေါများလိုက်တဲ့ ရှီးပဒီး။ ရေခဲတောင်ခြေမှာ သဘာဝအတိုင်း

အမြစ်ဖွာကို လှီးထုတ်၊ တညရေစိမ်ထား၊ နနွင်းနဲ့လှိမ့် ရွှေအိုရောင်ရှီးပဒီးကောင်ရမယ်။၃ ရက်လောက် ကျပ်တင် အမြစ်ထိပ်ဖျားလေးတွေ မည်းရောင်သမ်းလာရော။နနွင်းနဲ့ထပ်လှိမ့် နေပူပူမှာ တပါတ်လှမ်း၊ လက်နဲ့ပွတ်ကြည့်လို့ အမှုန့်တွေ မထွက်တော့ဘူးဆိုရင်

အသင့်ရောင်းရန် ရှီးပဒီးရပြီ၊ တကောင်ကို (၁၅၀၀) ကျပ်..။ဒါဆို “ရှီးပဒီး” အစစ်ကရော မရှိဘူးလား.. ကိုတူးအောင်။ရှိလောက်မှာပါ၊ အစစ်ရှိလို့သာ အတုတွေပေါ်လာတာပေါ့ဗျာ.. အစစ်က ကမ္ဘာ့ခေါင်မိုးလို့ တင် စားခေါ်ဆိုတဲ့ တိဘက်ပြည်က ဟိမဝန္တာရေခဲတောင်

ကြားဒေသတွေဟာ ရှီးပဒီးရဲ့ မူရင်းဒေသတွေဖြစ်မှာပေါ့လေ။ဒီကချင်ပြည်နယ်မှာရော။အကို စိတ်ဝင်စားရင် ဧပြီလအစပိုင်းလောက် ရာဇီ (နှင်းဖုံးတောင်တန်း) တွေဖက်၊ တက်ကြရင်း နဲ့ ရှီးပဒီးမုဆိုးတွေနောက် ဗဟုသုတရအောင်လိုက်ကြည့်လို့ ရတယ်။

ကျွန်တော်ကတော့.. မမြင်ဖူးဘူး။အခုရောင်းနေတဲ့ “ရှီးပဒီး” တွေကမစွမ်းဘူးလား.. သူ့နည်းသူ့ဟန်နဲ့တော့.. စွမ်းမှာပေါ့။ဘယ်လိုသူ့နည်း၊ သူ့ဟန်နဲ့ စွမ်းတယ်ဆိုတာ.. ရေနဲ့စိမ်သောက် သေးပေါက်မယ် (ဆီးရွှင်တယ်)။ သစ်မြစ် ဆိုတော့ ဖန်တဲ့အရသာပါသပေါ့။

နနွင်းဆိုတော့ ရေနွေးနဲ့မပြုပ်ရဘူး။အရောင်တွေ ကျွတ်ကုန်ရော။ခပ်ကြီးကြီး ရှီးပဒီးဆို ပိုစွမ်းမယ် ခွေးတောင် ပစ်လို့ရတယ်လေဗျာ ဆိုဘဲ။(Kin ShiHimura)